Archive for 2014

မြန်မာသီချင်း ukulele နှင့် တီးထားတာလေးတွေ တွေ့ရသလောက်

by in , 0

မြန်မာပြည်မှာက ukulele တော်တော်လေးကို ခေတ်မစားတော့ မြန်မာသီချင်းကို ukulele နဲ့ဆိုထားတာတွေ မတွေ့ရသလောက် ပါပဲ။ 
ယူကျုမှာ တွေ့သလောက်လေး စုထားတာပါ။ 
မြန်မာ သီချင်း တော်တော်များများက ကော်ပီတွေ များတော့ မူရင်းသီချင်းကို ukulele နဲ့ notes ရှိရင် မြန်မာလို လိုက်တီး/ဆိုလို့ရမယ်ထင်တယ်။







ဒီ၂ခုကတော့ မြန်မာသီချင်းတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် မြန်မာပြည်ထဲမှာ ဆိုထားတာပါ။



Ukulele နှင့် ကျနော်

by in 0




၂၀၁၃ နှစ်ကုန်ပိုင်းမှာ Ukulele ရောဂါ ကျနော့ထံ စတင်ဝင်ရောက်လာပါတယ်။ ဖြစ်ပုံက မတီးတတ်တီးတတ် မတောက်တခေါက်ပဲ တီးတတ်တဲ့ ဂစ်တာ ပြန်တီးမယ်ဆိုပြီး Video tutorial တွေ လိုက်ကြည့်ရင်းနဲ့ ဂစ်တာပုံစံ ပိစိကွေးလေးနဲ့ Talks at Google (You tube linkမှာ Jake Shimabukuro တီးတာကို  အမှတ်မထင် သွားကြည့်မိပါတယ်။ အဲဒါနဲ့ တော်တော် စိတ်ဝင်စားသွားပြီး wikipedia မှာ ရှာဖတ် history တွေ ရှာကြည့်နဲ့ အင်တာတက်ပေါ်မှာ ပတ်ပြီး research လုပ်လိုက်တာကနေ တော်တော်လေး စိတ်ဝင်စားသွားခဲ့ပါတယ်။

Ukulele ကို ဦးကုလေလေ့၊ ယူကုလာလေ၊ ယူကုလေလေ စသဖြင့် ခေါ်ကြပါတယ်။ မူရင်း ဟာဝေယန်အသံထွက်ကတော့ ဦးကုလေလေ လို့ အသံထွက်တယ်လို့ ဆိုပါတယ်။ အတိုခေါက် Uke ယုခ် သို့ အုခ် စသဖြင့်လဲ ခေါ်ပါတယ်။  Ukulele က သေးသလောက် ဘယ်လိုမှ ထင်မထားလောက်အောင် အသံက တော်တော်သာပါတယ်။ ဒီလောက် ပိစိကွေးလေးထဲက ဒီအသံထွက်လာတယ်ဆိုတာ မယုံနိုင်လောက်အောင်ပါပဲ။ အဲဒါနဲ့ နောက်နေ့ပဲ သူငယ်ချင်းတစ်ယောက်ကို ခေါ်ပြီး အင်တာနက်မှာ ရှာတွေ့ထားတဲ့ Ukulele သီးသန့် ရောင်းတဲ့ဆိုင်ကို တကူးတက မရရအောင် သွားရှာဝယ်ဖြစ်ပါတယ်။ ရှာရတာလဲ သိပ်မခက်လိုက်ပါဘူး၊ ဆိုက်ဆိုက်မြိုက်မြိုက်ပဲ အဲဒိဆိုင်ရှေ့ကို ရောက်သွားပါတယ်။ 
Ukulele Malaya လို့ ခေါ်ပါတယ်။ Batu cave အကျော်နားမှာ ရှိပါတယ်။ 
အဲဒိနေရာက မလေးရှားမှာ Ukulele ဝယ်ဖို့ အကောင်းဆုံးလို့ ထင်ပါတယ်၊ online ကမှာလို့လဲ ရပါတယ်။ ကျနော်ကတော့ ပထမဆုံးလဲဖြစ် စူးစမ်းချင်တာလဲ ပါတာနဲ့ ကိုယ်တိုင်ပဲ သူတို့ဆိုင်ကို သွားလိုက်ပါတယ်။  ဆိုင်ထဲရောက်တော့ uke တီးနေတဲ့လူတချို့တွေ့ပါတယ်။ အင်တာနက်က ကြိုရှာထားတဲ့ စျေးအချိုဆုံး package ကို သူတို့ကို မေးပါတယ်။ 
အဲဒိ package က တခါတည်း tuner ကော ukulele ကော အိတ်ကောပါပြီးသားဆိုတော့ အဆင်ပြေပါတယ်။ အခုမှ စတီးမှာဆိုတော့ သူတို့ကို ကြိုးညှိနည်းတွေဘာတွေက အစ သင်ခိုင်းရပါတယ် :D။ ရောင်းတဲ့လူက ဂစ်တာတီးတတ်လားလို့မေးတော့, မတီးတတ်ဘူးလို့ ဖြေလိုက်ပါတယ်။ ဘာလို့ ukulele ကို စိတ်ဝင်စားတာလဲ မေးတော့ just curious လို့ပဲ ဖြေလိုက်ပါတယ်၊ သူက ကြိုးညှိနည်းဘာညာသရကာ ပြပြီးတော့ ukulele တီးတာမခက်တဲ့အကြောင်း ဘာညာသရကာ အားပေးလိုက်ပါတယ်။ သင်တန်းတက်ချင်ရင်တော့ ၂၅၀ ပါတဲ့ :D.
စင်ကပူက သူငယ်ချင်းများ ဝယ်ချင်ရင်တော့  ukulelemovement.com က မှာ ဝယ်ရင် အဆင်ပြေမယ် ထင်ပါတယ်

အဲသဟာနဲ့  ကျနော့ရဲ့ ပထမဆုံး ukulele လေးကို စတီးဖြစ်ပါတယ်။ ပုစိကွေးလေးဆိုတော့ ကလေးလေး ချီရသလိုပါပဲ၊ သူ့အသံကို တော်တော်လေးကို သဘောကျပါတယ်။ 
မြန်မာပြည်မှာတုံးက လုံးဝ မကြားဖူး မြန်မာတွေကြားမှာလဲ တော်တော်လေးကို ခေတ်မစားပါဘူး။ ukulele တီးပြီး ဆိုတဲ့ မြန်မာ အဆိုတော်လဲ တခါမှ မမြင်ဖူးသလိုပါပဲ (ရှိရင်ရှိမှာပါ၊ ကျနော်က ဂီတနဲ့ ပတ်သပ်ပြီး နည်းနည်းပိန်းတော့ မသိတာလဲ ဖြစ်နိုင်ပါတယ်)။ 

သူငယ်ချင်းတွေကို ပြတော့ အရင်ဆုံး အဟားခံရပါတယ် (လူပုံစံက အရပ်ရှည်ရှည် ခြေတံလက်တံ ရှည်ရှည်နဲ့ တီးတဲ့ဟာက ပုစိညှောင့်တောင့်လေး ဖြစ်နေတော့ ဟားလဲ ဟားချင်စရာပါပဲ)။ တကယ်သွားဝယ်တော့ တချို့တွေက မျက်လုံးပြူး ပါးစပ်အဟောင်းသားနဲ့ ကျနော့ကို ဘာပြန်ပြောရမှန်း မသိအောင်ပါပဲ။ :D

Ukulele အကြောင်း အင်ထရိုဒပ်ရှင်း အကျဉ်းချုပ်

  •  ဂစ်တာနဲ့ မတူတဲ့ အချက်ကတော့ ကြိုးလေးချောင်းပဲ ပါပါတယ်။
  • ဆိုဒ် လေးမျိုးရှိပါတယ်။ ကြီးစဉ်ငယ်လိုက် soprano၊ concert ၊ tenor၊ ၊ baritone လို့ ခေါ်ပါတယ်။ 
    •   ဆိုပရာနို ဆိုဒ်က အသေးဆုံးဖြစ်ပြီး ဘာရီတုံး ကတော့ ဂစ်တာနီးပါး ရှိပါတယ်။ soprano နဲ့ concert ဆိုဒ်၂မျိုးက လူကြိုက်အများဆုံးဖြစ်ပါတယ်။ soprano က standard ukulele ဆိုဒ်ဖြစ်ပြီး အသေးဆုံးနဲ့ ပေါ်ပြူလာ အဖြစ်ဆုံးပါ။ ၁၂ ကနေ ၁၄ fret ပါပါတယ်။ concert ကတော့ သူ့ထက်နည်းနည်းလေး ပိုကြီးပါတယ်။ ၁၄ ကနေ ၁၇ fret ပါပါတယ်။ အသံကတော့ သိပ်မကွာပါဘူး။ 
  • Default tuning ကတော့ အပေါ်ဆုံး ကြိုးမှ အောက်သို့ ၊ G C E A ဖြစ်ပါတယ်။

ဂစ်တာမတီးတတ်လဲ Ukulele တီးလို့ရပါတယ်။ ဂစ်တာထက် ပိုလွယ်ပါတယ်။ ဝယ်ရင် တခါတည်း digital tuner လေးပါ တွဲဝယ်မှ အဆင်ပြေမယ့်လို့ထင်ပါတယ်။ uke တွေတော်တော်များများက နိုင်လွန်ကြိုးသုံးတာ များပါတယ်။ (သံကြိုးလောက် ဖိရတာ လက်သိပ်မနာပါဘူး) တရက်တခါလောက် ပြန်ပြီး ကြိုးပြန်ညှိပေးရပါတယ်။ digital tuner ရှိထားရင် beginner အတွက် အရမ်းအဆင်ပြေပါတယ်။ 

ukulele ကျနော့်လက်ထဲရောက်တာ တပတ်နီးပါး ရှိပါပြီ။ နီးစပ်ရာ သူငယ်ချင်းများကိုလဲ တော်တော် နှိပ်စက်ပြီးပါပြီ။  video tutorial တွေ အများကြီး download လုပ်ထားပြီး အားတဲ့အချိန် စမ်းတီးဖြစ်ပါတယ်။ နောက်ပိုင်း အချိန်ရရင် Ukulele နဲ့ ပတ်သတ်တာလေးတွေ ထပ်ပြီးရေးရင်း နှိပ်စက်ပါမယ်။ :D