Showing posts with label Mymr. Show all posts

RapidTextBox Control for ASP.NET

by in , 0

RapidTextBox Control for ASP.NET


ကျယ်ပြောလှတဲ့ အင်တာနက်ဟင်းလင်းပြင်ထဲမှာ အမှတ်မထင် ခလုတ်တိုက်ပြီး တွေ့မိတဲ့ ပိုစ်လေးပါ၊ နောင်အသုံးလိုရင် မေ့မသွားအောင် ပိုစ်အနေနဲ့ တင်လိုက်ပါတယ်။ ဖတ်ကြည့်တာတော့ မဆိုးဘူးဗျာ။ နောက်မှ စမ်းကြည့်ပြီး ပိုစ်မှာ update ရေးတော့မယ်။ လောလောဆယ် မေ့မသွားခင် အရင်တင်ထားလိုက်ပါတယ်။

Awesome Open Source jQuery Timeline

by in , , 0

Customize လုပ်လို့လွယ်တဲ့ jQuery Timeline လေးပါ။ မေ့မသွားခင် ဘလော့ဂ်ပေါ်တင်လိုက်ပါတယ်။ 
Data တွေကို JSON, HTML, Google Document  ကြိုက်တဲ့ format သုံးပြီး timeline မှာ ပြလို့ရပါတယ်။ 
စိတ်ဝင်စားတယ်ဆိုရင် အသေးစိတ်ကို   http://timeline.verite.co/ မှာ သွားကြည့်နိုင်ပါတယ်။

Street View goes to the Amazon

by in , 0

Google ရဲ့ Street View က အမေဇုန် တောထဲထိ ရောက်ပါပြီတဲ့ခင်ဗျ၊ 


အနော်တို့ နိုင်ငံတော့ ဘယ်တော့မှာ ရောက်မလဲ မသိဘူး။ အမေဇုန်က Street View အတွက် ပုံတွေကို ဆိုက်ကားကြီးနဲ့ လိုက်ရိုက်ထားတာဆိုတော့ အနော်တို့ မြန်မာပြည်လဲ နီးစပ်လာပြီထင်တယ်၊ ဆိုက်ကားနင်းတာတော်တဲ့လူတွေ တပြုံကြီးရှိတာကိုး ။ ပုဂံတို့ အင်းလေးတို့ မြစ်ဆုံတို့ စတဲ့နေရာတွေကို Street View ကနေ ကြည့်လို့ရရင် တော်တော်ကောင်းမယ်လို့တွေးမိရင်း

အမေဇုန်တောထဲကို  ဒီကနေ သွားကြည့်နိုင်ပါတယ်။

Google Official Blog က မူရင်းပိုစ်ကို ဒီမှာ ဖတ်နိုင်ပါတယ်၊


James Cameron Ventures to Deepest Part of Earth in a One-Man Sub

by in , 0


Titanic, Avatar စတဲ့ ရုပ်ရှင် ကားတွေကို ရိုက်ကူးတဲ့ အကယ်ဒမီတွေ တပြုံကြီးနဲ့ နာမည်ကြီး ဒါရိုက်တာ James Cameron ဟာ အထူးပြုလုပ်ထားတဲ့ တစ်ယောက်စီး ရေငုတ်သင်္ဘောငယ်လေးနဲ့ ကမ္ဘာ့အနက်ဆုံး Challenger Deep ထဲကို သွားရောက်လေ့လာ ရိုက်ကူးမယ်လို့ သိရပါတယ်။ သူရိုက်တဲ့ကားတွေက တော်တော်ကောင်းတော့ Challenger Deep ကိုလဲ ရင်သပ်ရှုမောဖွယ် လေ့လာရမယ်လို့ထင်တာပဲ။ ရေအောက် နက်လေလေ ဖိအားက များလေလေဆိုတော့ အဲဒိ Challenger Deep ထဲကို လွန်ခဲ့သော ၅၂ နှစ်က တကြိမ်ပဲ သေခြာ လေ့လာဖြစ်ခဲ့ကြတယ်လို့သိရပါတယ်။ သာမန် ရေငုတ်သဘောမျိုးဆိုရင် အဲဒိလောက်ရေနက်ထဲရောက်ရင် ကြက်ဥကို လက်နဲ့ညှစ်သလို ကွဲသွားနိုင်ပါတယ်။ အဲဒိရေငုတ်သဘောငယ်လေးက အထူးပြုလုပ်ထားတာဖြစ်ပြီး HD Camera လေးလုံး နဲ့ ရေကြည်ထဲမှာ ရှေ့ပေ၁၀၀ လောက်ကို အလင်းပေးနိုင်တဲ့ ၇ ပေပတ်လည် LED light panel ၊ အတွင်းမှ လေထုဖိအား ထိမ်းတာ စသဖြင့် ပါဝင်ပါတယ်။ ဒါပေမယ့် အဲဒိရေငုတ်သင်္ဘောငယ်လေးရဲ့ တခါးကို အထဲကနေ ဖွင့်လို့ရမှာမဟုတ်ပဲ၊ အပြင်ကနေ တစ်ယောက်ယောက်က ပြန်ဖွင့်ပေးမှ James Cameron အထဲကနေ ပြန်ထွက်နိုင်မှာပါ။ 
အသေးစိတ်ကို ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။

Standalone Javascript Notifications - Smoke.js

by in , , 0

အပျင်းထူနေတာရယ် အချိန်မရတာရယ်ကြောင့် (အပျင်းထူတာက ပိုပါတယ် ဟီး)ပိုစ်မတင်ဖြစ်တာတောင် ကြာပေါ့။ တင်မယ်ဆိုပြီး bookmark လုပ်ထားတာတွေတောင် အများကြီး ဖြစ်ကုန်ပြီး ဘာကို တင်လို့တင်ရမှန်း မသိတော့ဘူး။ လင့်တွေ တော်တော်များများက google reader မှာ ဖတ်ပြီးသွားရင် ၂ရက်လောက်နေရင် မေ့သွားရော၊ နောက် လိုတော့ ပြန်ရှာတော့ မတွေ့တော့ဘူး။ ဘလော့ပေါ်တင်ထားလိုက်တော့ ပြန်ရှာရလွယ်သွားတယ်။ စိတ်ဝင်စားတဲ့လူတွေ အသုံးတည့်မယ်သူတွေ တွေ့တော့လဲ ယူသုံးလို့ရသွားတာပေါ့။ 
 
smoke.js က တခြား library တွေကို မမှီခိုတဲ့ Standalone Javascript Notification Library တခုပါ။ မြန်မာလို ဆိုရင်တော့ တစ်ကိုယ်တည်း မတ်တပ်ကြီးရပ်နေတဲ့ ဂျာဘားစခရစ် နဲ့ သတိပေးတဲ့ စာကြည့်တိုက်ကြီးပေါ့ တိန်.. မဟုတ်သေးပါဘူး :D အလကားပြောတာ၊
http://ssssnakes.com/smoke/ မှာ သွားကြည့်ကြည့်ပါ၊ ဆိုဒ်သေးသေးလေးနဲ့ သုံးရလွယ်ပြီး တော်တော်လန်းတယ်။ standalone ဖြစ်တဲ့အတွက် jQuery တို့ဘာတို့မလိုပဲ သူ့ချည်းပဲလဲ သုံးလို့ရပါတယ်။

Stypi | Lets code and have fun together.

by in , , , 0

Hello my fellow geeks!
You can code same file with many people at the same time and you can chat as well, I call it gang bang coding :D so.. how about this.

Stypi_ free gang bang coding provider. LOL!

It's worth to check it out and give it a try. https://www.stypi.com 
 
ဘော်ဘော်တွေနဲ့ တပြိုင်တည်း ကုတ်ချင်သူများ Stypi ကို သဘောကျကြမယ် ထင်ပါတယ်။ ကုတ်ရင်းနဲ့လဲ ချက်လို့ရပါတယ်။ တဖိုင်တည်းကို တပြိုင်တည်း ပြိုင်တူ ဝိုင်းကုတ်လို့ရပါတယ်ဗျာ။ လောလောဆယ်တော့ ဖရီးထင်ပါတယ်။

via MakeUseOf.Com

Dirty Markup | ပွထနေတဲ့ ကုတ်တွေ ရှင်းဖို့

by in , , 0

Dirty Markup က HTML5, CSS3, Javascript ကုတ်တွေကို သေသေသပ်သပ် ဖြစ်အောင် ပြန်လုပ်ပေးနိုင်တဲ့ Tool တခုပါ။  HTML Tidy, CSS Tidy နဲ့ JS Beautify တို့ သုံးခုကို တနေရာထဲမှာ ပေါင်းထားတာပါ။

KineticJS : HTML5 Canvas JavaScript library

by in , , 0

KineticJS က HTML5 Canvas Library တခုပါ။ အသေးစိတ် သိလိုတယ်ဆိုရင်တော့ http://www.kineticjs.com/ မှာ သွားကြည့်နိုင်ပါတယ် ။
Example တွေကလဲ တော်တော်လန်းပါတယ်။ ကုတ်တိုတိုလေးတွေနဲ့ ထွက်လာတဲ့ result က တော်တော်မိုက်တယ်။
 ဒါကတော့ သူ့ဆိုက်ထဲမှာ ရေးထားတာ.
KineticJS is an HTML5 Canvas JavaScript library that extends the 2d context by enabling canvas interactivity for desktop and mobile applications.
You can draw your own shapes or images using the existing canvas API, add event listeners to them, move them, scale them, and rotate them independently from other shapes to support high performance animations, even if your application uses thousands of shapes.  Served hot with a side of awesomeness
ဒါကတော့ ဥပမာတွေထဲက တခုပါ။

ဒေါင်းပျံ

by in , 0

ဒေါင်းကို ပျံနေတဲ့ပုံ သေခြာ မမြင်ဘူးဘူး။ အခုမှ ဖတ်နေကျ ဘလော့တခုမှာ တွေ့တာနဲ့ ရှဲလိုက်ပါတယ်။ တော်တော်လှတယ်။