James Cameron Ventures to Deepest Part of Earth in a One-Man Sub

by in , 0


Titanic, Avatar စတဲ့ ရုပ်ရှင် ကားတွေကို ရိုက်ကူးတဲ့ အကယ်ဒမီတွေ တပြုံကြီးနဲ့ နာမည်ကြီး ဒါရိုက်တာ James Cameron ဟာ အထူးပြုလုပ်ထားတဲ့ တစ်ယောက်စီး ရေငုတ်သင်္ဘောငယ်လေးနဲ့ ကမ္ဘာ့အနက်ဆုံး Challenger Deep ထဲကို သွားရောက်လေ့လာ ရိုက်ကူးမယ်လို့ သိရပါတယ်။ သူရိုက်တဲ့ကားတွေက တော်တော်ကောင်းတော့ Challenger Deep ကိုလဲ ရင်သပ်ရှုမောဖွယ် လေ့လာရမယ်လို့ထင်တာပဲ။ ရေအောက် နက်လေလေ ဖိအားက များလေလေဆိုတော့ အဲဒိ Challenger Deep ထဲကို လွန်ခဲ့သော ၅၂ နှစ်က တကြိမ်ပဲ သေခြာ လေ့လာဖြစ်ခဲ့ကြတယ်လို့သိရပါတယ်။ သာမန် ရေငုတ်သဘောမျိုးဆိုရင် အဲဒိလောက်ရေနက်ထဲရောက်ရင် ကြက်ဥကို လက်နဲ့ညှစ်သလို ကွဲသွားနိုင်ပါတယ်။ အဲဒိရေငုတ်သဘောငယ်လေးက အထူးပြုလုပ်ထားတာဖြစ်ပြီး HD Camera လေးလုံး နဲ့ ရေကြည်ထဲမှာ ရှေ့ပေ၁၀၀ လောက်ကို အလင်းပေးနိုင်တဲ့ ၇ ပေပတ်လည် LED light panel ၊ အတွင်းမှ လေထုဖိအား ထိမ်းတာ စသဖြင့် ပါဝင်ပါတယ်။ ဒါပေမယ့် အဲဒိရေငုတ်သင်္ဘောငယ်လေးရဲ့ တခါးကို အထဲကနေ ဖွင့်လို့ရမှာမဟုတ်ပဲ၊ အပြင်ကနေ တစ်ယောက်ယောက်က ပြန်ဖွင့်ပေးမှ James Cameron အထဲကနေ ပြန်ထွက်နိုင်မှာပါ။ 
အသေးစိတ်ကို ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။

Leave a Reply