Movie Review: John Carter
by Awesome Geek in Movie, Mymr 0
ယမန်နေ့က ကြာသပတေးနေ့ဖြစ်လေတော့ ရုပ်ရှင်ကားသစ် လဲပါတယ်။ အလုပ်အပြန်မှာ မွေးသဖခင် ကြေးဇူးရှင် ချစ်အဖေကြီးနဲ့တူတူ KLCC မှာ ရုပ်ရှင်ကြည့်ဖြစ်ပါတယ်။ Smart Tunnel က ရေကြီးလို့ ပိတ်ထားလေတော့ Jalan Tun Razak မှာ ကားတွေပိတ်ကုန်ပြီ ၇:၃၀ ရိုးရိုး ပွဲကို မမီတော့ပဲ၊ ၈:၁၅ ပွဲကို 3D နဲ့ ကြည့်လိုက်ရပါတယ်။ ဒစ်စနေးက ရိုက်တာဆိုတော့ ဆိုးတော့ မဆိုးပါဘူး။
မကြည့်ခင် ကျနော် အကြံပေးလိုတာက ဒီဇတ်ကားရဲ့ နောက်ခံကျောရိုး ဝထ္တုအကြောင်းကို ဒီမှာ အရင်ဖတ်ကြည့်ပါ။ ပုံပြင်အနေနဲ့ ကြည့်တတ်ရင်တော့ အပျင်းပြေပါတယ်။ ကျနော့်အတွက်ကတော့ ဘာကားကြီးမှန်း မသိဘူးကွာဆိုပြီး ဝေဖန်ရအောင် မဆိုးရွားသလို မိုက်လဒယ်ကွာဆိုပြီး နောက်တခါ ပြန်ကြည့်ရအောင် ကောင်းတဲ့ကားမျိုးတော့ မဟုတ်ပါဘူး။ အနေတော်ပါပဲ။ Avatarထဲက ပန်ဒိုရာဂြိုလ်ထဲက ပုံစံမျိုး အကောင်တွေ အများကြီးပါပြီး CG တွေ အများကြီးသုံးပြီး ရိုက်ထားတဲ့ကားပါ။ အင်္ဂါဂြိုလ်ကြီးက ခြောက်သွေ့နေလေတော့ ပန်ဒိုရာ လိုမျိုးတော့ မလှရှာပါဘူး။ (ဇတ်လမ်းထဲမှာတော့ မားစ်ကို ဘာစွန်းမ် လို့ခေါ်ပါတယ်။ :-P ကမ္ဘာကြီးကိုတော့ ဂျာစွန်းမ် လို့ခေါ်တယ်တဲ့ :D ) ဂျွန်ကာတာက အင်္ဂါဂြိုလ်ပေါ်ရောက်သွားပြီး ဘာလို့အမြင့်ကြီးခုန်နေတာလဲတို့၊ ကမ္ဘာသားတစ်ယောက်အနေနဲ့ မားစ်ပေါ်က အစာတွေ၊ ရေတွေ စားရင် အဆိပ်မသင့်ဘူးလားတို့၊ အောက်စီဂျင်ရှိလို့လားလို့ စသဖြင့် ပေါက်ပေါက်စေ့စေ့ အကုန်လုံးကို reality နဲ့ လိုက်ညှိပြီး ဝေဖန်တတ်သူဆိုရင်တော့ အစကတည်းက သွားမကြည့်ပါနဲ့လို့ အကြံပေးပါရစေ၊ ကြိုက်မှာမဟုတ်ပါဘူး။ အပျင်းပြေ သဘောမျိုး သွားကြည့်တာမျိုးဆို ကောင်းပါတယ်။
နောက်ပြီး 3D ကြည့်ရလောက်အောင် တော့ သိပ်မကောင်းဘူးထင်တာပဲ။
ဂျွန်ကာတာရဲ့ woola လို့ခေါ်တဲ့ ခြေထောက်ခြောက်ချောင်းနဲ့ ခွေးကြီးကိုတော့ တော်တော် သဘောကျတယ်။